LYRIC
ကျေးဇူးတော်နေမဝင်သေးခင်
Key:C
Intro:
Verse 1
Chorus
Verse 2
Bridge
(*_*) =*=*=*=*=*= (*_*)
ကျေးဇူးတော်နေမဝင်သေးခင် * Lyric
Verse 1
သစ်ရွက်တို့လွင့်ကြွေမြေခနေ နေ့ရက်အဆုံးရဲ့ အစဦးမို့
ပြောင်းလဲတဲ့ အရာတွေ တွေ့ခဲ့သက်သေ နှလုံးသားထဲမှာ အမှတ်ရစေ
အစတစ်ခုအတွက် အဆုံးဟာကြိုလင့်နေ မမြဲခြင်းတရားတွေဟာ တည်မြဲလို့
အခုတွေ့မှ တကယ်ယုံ အဟုတ်လို့ မှတ်ရင် အဆုံးရဲ့တစ်နေ့မှာ အခက်တွေ့မယ်
Chorus
ရထားကြီးဟာလဲ တရွေ့ရွေ့နှင့်
ရထားကြီး အချိန်နာရီရထားကြီးဟာ
ဘယ်သူ့မှ သူမစောင့်ဘူး ခုတ်မောင်းဆဲ
အဆုံးသတ် ထိုနေ့တွက် ဆုံးဖြတ်ပါဟေ့
ဆုံးဖြတ် အဆုံးသတ်ကို ရောက်တော့မယ်ဟေ့
ကျေးဇူးတော်နေမဝင်သေးခင်
Verse 2
တနေ့နေ့တော့ သခင့်ထံပြန်ခဲ့မယ် တွေးရင်းအခုချိန်အပျော်ကြူးဆဲ
အပြစ်ရဲ့အခ ဒီသေခြင်းနဲ့တွေ့မယ် ကမ်းပါးအဆုံးမှာချောက်ရှိတယ်
သတိလက်လွတ်ဖြစ်ကာနေမိချိန် အဖြစ်ပျက်များဟာ အိမ်မက်လား
သခင့်ရဲ့ဂတိတော်တွေ သတိရစမ်းပါ သိမ်းစည်းခြင်းဟာရောက်တော့မယ်
Bridge
တွေးကြည့်တာ မသိရင် ကလေးလိုယုံလိုက်
အရာရာတွက်ချက်မရဘူးလေ
တကယ်ကိုအဆုံးသတ် တနေ့ကျရင် ရွေးခွင့်တွေမရှိပြီ
ခုတည်းက ရွေးချယ်ထားလိုက်
(*_*) =*=*=*=*=*= (*_*)
Comments are off this post